
ကျွန်တော် အခု Samsung Glaxy Ace
& S2 မှာ Root
လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့
ရှယ်ပေးသွားပါမယ် ..S2 မှာတော့ နဲနဲလေး ပုံစံပြောင်းသွားတာက
လွဲရင် အားလုံးအတူတူ ပါပဲ Myanmar
Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော်
အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား
အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် ..
အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော်
မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့
အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ်
ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

အရင်ဆုံး Setting ကိုသွားပါ ..




အောက်ကပုံမှာ ပြထားတဲ့ အတိုင်း
Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ
..

ကျွန်တော် Zawgyi-One.apk ဆိုတဲ့
ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..


အပေါ်က အဆင့်အတိုင်း Application
သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့်
ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း
လိုက်ပြင် ပေးလိုက်ပါ ..
အရင်ဆုံး မြန်မာလက်ကွက်
ရိုက်လို့ရအောင်
လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 
အောက်ကပုံအတိုင်း FrozenKeyboard
ကို
အမှန်ခြစ်လေး ရွေးပေးလိုက်ပါ 
ပြီးရင် နောက်တစ်အဆင့်
FrozenKeyboard
အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ ..
ပြီးရင် အောက်က ပုံမှာ
ပြထားတဲ့အတိုင်း
FrozenKeyboard ကိုရွေးပေးလိုက်ပါ ..
အောက်က ပုံအတိုင်း ပေါ်လာပြီ
ဆိုရင်တော့
Zawgyi One TTF ကိုရွေးပေးလိုက်ပါ .







အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး
ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် ..
နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး
လိုက်ပါ ..
အရင်ဆုံး Setting ကိုသွားလိုက်ပါ
..
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့
အတိုင်း
Display ကိုသွားလိုက်ပါ .. 






ဒါဆိုရင်တော့ မိမိတို့ Android OS
မှာ
မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..

Myanmar Fonts Download
ဒီပို့စ်လေးကို PDF ဖြင့်
လိုချင်တယ်
ဆိုရင် အောက်မှာ ယူလိုက်ပါ ..
အားလုံးပဲ အဆင်ပြေကြပါစေ ..
ကျေးဇူးတင်ပါတယ်ခင်ဗျာ ..ကိုကို၊မမ
တွေ အကူအညီတောင်းလို့ရှာပေးရင်း
သူတို့အဆင်ပြေပြီဆိုမှ ဆရာများထံမှ ပြန်ရှယ်ထားတာပါ....
ကိုနေမင်းမောင်ဆီမှ ပြန်လည်မျှဝေသည်
ကိုနေမင်းမောင်ဆီမှ ပြန်လည်မျှဝေသည်
No comments:
Post a Comment