
သူရ: အကိုရေစနိုက်ပါဂိမ်းလေးရှိရင်တင်ပေးပါနော်ကစားချင်လို့
အာကာဖြိုး။ ။ ကဲ
ရှယ်လိုက်ပြီနော် ဒေါင်းထား ဒီမျက်နှာ ကြီုးမှတ်မိတယ်မဟုတ်လား စနိုက်ပါ
မင်းသားလေး လုပ်ချင်တဲ့ သူများဒေါင်းပေါ့ ဒါက စိတ်တည်ငြိမ်မှု ဆုံးဖြတ်ချက်
မှန်ကန်မှုကို အလေးပေးထားတဲ့ အဆင့်မြင့် ဂိမ်းတွေထဲမှာ ပါပါတယ် တစ်ခု
ပြောချင်ပါတယ် ဂိမ်းဆော့ရတာ ၀ါသနာပါတဲ့ ညီအကိုများအတွက်ပေါ့ ဆော့တယ်ဆိုတာ
တစ်ခုတည်းကို အာရုံမထားဘဲ ဒီဂိမ်းက ဘာကြောင့် ဒီလို လုပ်ထားတာလဲ ဘာအတွက်လဲ
ဆော့နေတဲ့ ငါ့ကို ဘယ်လို တိုးတက်မှု ရှိစေလဲ ဆိုတာတွေကို ဆော့နေရင်း
သုံးသပ် ကြည့်ပါ ဒီလို အဆင်မြင့် ဂိမ်းတွေမှာ အဲလို တွေကို အဓိကထား
ရေးသားကြတာပါ ပြောရရင်တော့ ပညာသင်တာကို တစ်ဖက်လှည့်နဲ့လူစိတ်ကို
ကျောင်းစာချည်းကျက်နေရတယ် ပျင်းစရာကြီးဆိုတာ မဖြစ်ရလေအောင် လုပ်ထားတာပါ
ဂိမ်းတွေပဲ ဆိုပြီး ကစားတာကိုပဲ မြင်လို့ မရပါဘူး အဲဒါရဲ့နောက်ကွယ်ကို
မြင်အောင်ကြိုးစားရတယ် အဲဒါဟာ ဒီဂိမ်းဆော့လို့ Game Over
ဖြစ်ချင်ဖြစ်သွားပါစေ အဲဒီအချက်တွေကို သိရင် သူသင်ပေးတဲ့ ပညာရပြီမို့
ကိုယ်နိုင်တာပါပဲ ဒါက ပညာသင်ယူမှု ကို အလေးထားတာတွေပါ ဒါကို
တော်တော်များများ သတိမထားမိတတ်ပါဘူး သိတယ်ဆိုတဲ့ သူတွေ လက်ချိုးရေလို့
ရလောက်တယ် ဒီလိုမြင်ဖို့ ဆိုတာ လွယ်ပါတယ် မြင်သာအောင်လုပ်ပေးထားတာပဲ
ခေါင်းထဲကို စာကျက်တာ မဟုတ်ဘဲ အသေရိုက်ထည့်ပေးလိုက်တဲ့ ကောင်းမွန်တဲ့
ပညာသင် စနစ်တစ်ခုပါ ရသတွေ အပြည့်အ၀ပေးပြီး သင်ယူသူကို ဆွဲဆောင်လိုက်တာပါ
ဒီလို ဂိမ်းတွေ ဖန်တီးပြီးဆော့ရင်း တကယ့် ကမ္ထာ့တော့တန်းဝင်နေတဲ့ သူဌေးတွေ
ရှိပါတယ် သူကတော့ အမေရိကန် ဟာဝိုင်ရီ ကျွန်းက အိမ်ခြံမြေ အရောင်းအ၀ယ်
လုပ်ငန်းပိုင်ရှင် ရောဘတ်တီ ကီယို ဆာကီ ပါ သူဆော့တာက ဘာဂိမ်းလဲ ဆိုတော့
ကလေးတွေတောင်သိတဲ့ မိုနိုပိုလီ ပါ ရီစရာ ကောင်းနေမယ် ထင်ပါတယ် ဒါက တကယ့်
အဖြစ်မှန်ပါပဲ သူဘယ်လောက်ထိ သင်ယူနိုင်သလဲ ဆိုတာကို ဘယ်လို
ပြန်အသုံးချနိုင်သလဲ ဆိုတာ သင်ယူသူကိုယ်တိုင်အပေါ်မူတည်တာပဲ မဟုတ်လား ဒီတော့
မြင်အောင်ကြည့်ပါလို့ပဲ ပြောချင်ပါတယ် နောက်မှ ကျွန်တော်အခု ဆော့နေတဲ့
ကဒ်ဖရိုး ဂိမ်း ကို ရှယ်ပါမယ် ဒီဂိမ်းကတော့ တကယ့်လူဘ၀ကို အခြေပြုပြီး
ဆင်းရဲတွင်းက လွတ်အောင် ဘယ်လို ရုန်းထွက် ရမယ်ဆိုတာ ကို သင်ပေးတဲ့ တကယ့်
အဆင့်မြင့် ဂိမ်းပါ ဆော့ရတာခက်တာ မဟုတ်ဘူး ဘယ်လို လုပ် ထွက်ရမလဲဆိုတာ ခက်တာ
ဆော့တာကလွယ်တယ် ဒါကလဲ တကယ့် လုလောက ကို ပမာပြုရေးထားတာဆိုတော့လဲ
ဒီလောက်တော့ ရှိမှာပေါ့ ကဲ ပြောပေးသင့်တာလဲ ပြောပေးပြီးပြီဆိုတော့
လိုတာလေးဒေါင်းလိုက်ဦးပေါ့
No comments:
Post a Comment